ထရီဆာ

စိတ်ကူးဝိဥာန်တို့ ပူးကပ်ရာ ရပ်ဝန်းမျှသာ

အလျင်မပြတ် စီးဆင်း၍နေသော



တကယ်ဆို ချစ်တယ် ဆိုတာ ရယူခြင်းလဲမဟုတ် ဘူး၊  ပေးဆပ်ခြင်းလဲ မဟုတ်ဘူး ကို

ကျွန်မကို အပြုံးနက်နက်နဲ့ကြည့်နေရင်း
 
လုပ်စမ်းပါအုန်း ဆရာမ

ဟုတ်တယ် ကိုကျွန်မအတွက် အချစ်ဆိုတာ ချစ်နေရတာလို့ပဲ ဆိုချင်တယ်၊အဓိပ္ပါယ်တွေ အများ ကြီး ဖွင့်ဟဖို့ မလိုအပ်ဘူး။ လူတွေက သူတို့ခံယူ ချက်တွေအပေါ် တည်မှီးပြီးမှ အမျိုးမျိုးသတ်မှတ်ပြော ဆိုနေကြတာ၊ လူတစ် ယောက်ကို လူတစ်ယောက်လိုပဲမြင်ပြီး ချစ်ခင်ပြီး တန်ဘိုးထား မြတ်နိုးတတ်သွားတာ။ အဲ့ဒီမှာမှ ဂုဏ်ပကာ သနတွေ၊ တွက်ချက်မှုတွေက အရိပ်လိုကပ်နေပြီဆို ချစ်ခြင်း မ,မည်တော့ဘူး၊ ဒါ အပေး နဲ့အယူ ဖြစ်သွားပြီ၊ တစ်ဖက်က ဂုဏ်ပကာသနတွေပေးလိုက်ရပြီး တစ်ဖက်ကလည်း ချစ်ခြင်းမေတ္တာတွေကို စတေးလိုက်ရတာ။ လူသားနှစ်ဦး ပေါင်းဖက်မှုမှာ ချစ်ခြင်း ကလွဲပြီး မြဲအောင်ချည်နိုင်တဲ့ကြိုး မရှိဘူးလေ

ပြောလက်စ စကားကိုခဏရပ်၊ တိတ်ဆိတ်ပြီး နားထောင်နေတဲ့ ကို့ ကို တစ်ချက်ကြည့်လိုက်တယ်၊ ကို လဲပဲ ကျွန်မဘက်ကို စောင်းငဲ့ကြည့်ပြီး အတွေးတွေ သိပ်နက်မနေဘူးလား ချစ် တဲ့ ။  
   
Read More

သာဂိနှင့်ပွစိ


ကျုပ်က သာဂိပါ

ကျုပ်မှာ …….

ကိုသာဂိ၊ ရှင့်ကို ကျွန်မ ဘယ်နှစ်ခါလောက်ပြောရမလဲ၊   ဈေးဝယ်ရင် အကြွေဆောင်သွားပါဆိုတာ၊ ခုတော့ တစ်သျှူးထုပ် ရလာပြီမို့လား၊ဒီလိုနဲ့ပဲ တစ်သျှူးရလိုက်၊ သကြားလုံးရလိုက်နဲ့၊ အားလုံးပေါင်း ကြည့်လိုက်ရင် တစ်ထောင်၊ နှစ်ထောင် ရှိတော့ မယ်၊ ရှင်နော် ..ရှင် ..ရှင် ..ကျွန်မ စကားသိပ်မပြောချင်ဘူး အဲ့ တစ်ထောင် ..နှစ်ထောင်ကို ပေါင်းလိုက်ရင် ……..

အေးပါကွာ၊ အေးပါ၊ မင်းလဲ စကားကို တိုတိုတုတ်တုတ် မပြော တတ်ဘူးလား မသိ

ဘာရှင့်၊ ရှင့်ကြောင့် ကျွန်မက စကားတွေကို မပြောချင်ပဲ   ပြောနေရတာ
ဖြစ်ရသေးတယ်
စိတ်ထဲမှကျိတ်၍သာ ပြောခဲ့မိ၏ ။

Read More

မြစ်နှစ်စင်းရဲ့ လှိုင်းပင်လယ်



၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့မှာ ကိုယ်ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ စာအုပ်လေးတစ်အုပ် အကြောင်း ပြောပြချင် ပါတယ်။ အွန်လိုင်းမှာ ၀ါသနာ အရင်းခံကာ စာရေးသူများ အများအပြားအနက် တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ရေး သားတဲ့ စာရေးဖော်တစ်ယောက်ကို ၂၀၁၃ ခုနှစ်၊ နှစ်လယ်လောက် မှာကတည်း က သိခွင့်ရလိုက်ခဲ့ပါတယ်။ အခါအားလျှော်စွာ သူမ ရေးသားတဲ့ စာပေလက် ရာလေးတွေကို ဖတ်ရှု့ရင်း ခင်မင်မိခဲ့ကြတယ်။ အခုတော့ဖြင့် သူမ ဟာ ရိုးရှင်းတဲ့ စိတ်ထားလေးနဲ့ မြစ်နှစ်စင်းရဲ့ လှိုင်းပင်လယ် ဆိုတဲ့ ရသလက်ရာစုစည်းမှု   လေးကို ရွာသားလေး ၀ိုင်တီယူနှင့်အတူ ပရင့်စာလုံး အစီအရီဖြင့် မှတ်ကျောက် တစ်ခုကို တင်နိုင်ခဲ့ပြီးပါပြီ ။ 

သူမဆိုသူကတော့ ကြည်ဖြူပိုင် ပါ ။
Read More

မြက်ခင်းစိမ်းစိမ်းလေး

ကျွန်မတို့ဟာ မွေးဖွားပြီးချိန်နဲ့ မသေဆုံးခင် အချိန်စပ်ကြားမှာ ကိုယ့်ကို နင်းသွားသူ၊ ကိုယ့်ကို ခင်းသွားသူ၊ ကိုယ့်ကြောင့် ပျော်ရွှင်သွားသူ၊ ကိုယ့်ကြောင့် ဘ၀ပျက်သွားသူ အမျိုးအမျိုးကို တွေ့ဆုံမိကြမှာ မလွဲဧကန်ပါပဲ၊ သည့်အတွက် ကျွန်မတို့အနေနဲ့ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ မုန်းတီးခြင်း၊ ချစ်ခြင်း မည်သို့ပင် မည်စေကာမူ နေ၀င်ချိန်မှာ ကျွန်မတို့ဟာ အရာအားလုံးကို စွန့်ခွာ၍ တစ်ကိုယ်တည်း ထွက်ခွာသွားရကြမည်သာ ..

Read More

လွမ်းမပြေခဲ့ပါ ပူတာအို .... (၂)



google.com မှကူးယူးသည်။
ဒီလိုမျိုး တိုင်းရင်းသားတွေရဲ့ ရိုးသားမှု၊ ပွင့်လင်းမှု့တွေကို ပူတာအိုမှာ နေထိုင်ခဲ့တဲ့ နွေရာသီ သုံးလအတွင်း သိမြင်ခွင့် ရရှိခဲ့ရပါတယ်။ အရှေ့မှာ ဆိုခဲ့သလိုပါပဲ ထရီဆာ တို့ နေထိုင်ရတဲ့ အိမ်ကလေးက ဒေသရဲ့ ရာသီဥတု၊ ထုံစံနဲ့ လိုက်လျောညီထွေမှုရှိအောင် ဆောက်ထားတဲ့ ဌာနပိုင် အရာရှိအိမ်ယာလေး တစ်ခုပါ။ ထရီတို့ အိမ်နဲ့ ကပ်လျက် မှာလည်း ပုံစံတူ အိမ်တစ်လုံးရှိတာကြောင့်   နေထိုင်ရာ   တောင်ဂမူကုန်းလေးပေါ်မှာ သစ်သားလုံးချင်း အိမ်လေး   နှစ်လုံးက ဘေးချင်းကပ် ကိုယ့်ခြံကိုယ့်ဝန်းနဲ့ တည်ရှိနေ တာပါ။ ဘေးအိမ်ကလည်း အဖေ့လိုပဲ တာဝန်ကျ လို့ ရန်ကုန်ကနေပဲ လာရောက်သူမို့ လင်နဲ့ မယား နှစ်ယောက်တည်းသာ ရှိပါတယ်။ တိတ်ဆိတ်နေတဲ့ အဖေ့အိမ် လေးကတော့ နွေရာသီ သုံးလ မှာတော့ ထရီဆာတို့ မောင်နှမ တသိုက်ရဲ့ ဆူညံသံများနဲ့ အသက်ဝင်လို့နေတာပေါ့ ။

Read More
Powered by Blogger.

© ထရီဆာ, AllRightsReserved.

Designed by ScreenWritersArena